Pages

Facebook Badge

Followers

Sunday, July 1, 2012

Firefox fix for 64bit or Waterfox ?

လွန်ခဲ့တဲ့ ကာလ တုန်းကပဲ Firefox version 12 beta ထွက်ခဲ့ပါတယ်။ များသောအားဖြင့် 64bit ကွန်ပြူတာတွေကို support သိပ်မလုပ်ပါဘူး။ အဲဒါကြောင့် ကျွန်တော် Firefox browser ကိုဖွင့်တိုင်း(Not responding) ဆိုတဲ့ message ပေါ်ပြီး ခဏခဏစောင့်ရပါတယ်၊ တစ်ခါတစ်လေကျရင်တော့ browser က auto ပိတ်ကျသွားပါလေရော။ ပထမဦးဆုံး 12 beta ကို update ပြီးထဲကနေစပီး ဒီနေ့အထိ ဒီပြသနာနဲ့ Fighting ဖြစ်နေတာပေါ့ဗျ။ ဒီနေ့ပဲ မထူးဘူးဆိုပြီးတော့ Firefox 64bit ကိုရှာတာ Waterfox က 64bit မှာအလုပ်လုပ်တယ်ဆိုပြီးတော့ တွေ့ရော၊ စမ်းကြည့်လိုက်တော့ browser လေးက လန်းလန်းဆန်းဆန်းနဲ့ အဆင်ပြေနေရောဗျ။ 64bit သုံးတဲ့သူတိုင်း ဒီ browser ကိုမပြောင်းခင် အရင်စမ်းကြည့်လိုက်ပါ၊ အဆင်ပြေသ လားလို့။ သူ့မူလစာမျက်နှာမှာရေးထားတာကတော့ WaterFox က Firefox ရဲ့ code တွေကိုယူပြီးတော့ speed ကိုအဓိကထားပြီး တော့ ပြန်ပြင်ထားချင်းဖြစ်ပါတယ်။ ကယ်...အောက်က မူလစာမျက်နှာ မှာဒေါင်းပေတော့ဗျ။ ကျွန်တော့်စီက update တွေလိုချင်ရင်တော့ www.twitter.com/kogeelay ကို Follow ပေးကြပါခင်ညာ။

Download (from homepage)

0 comments:

Post a Comment