Pages

Facebook Badge

Followers

Wednesday, October 17, 2012

Android ဖုန်း နဲ့  Zawgyi


 
 
Android ဖုန်းတွေမှာ  မြန်မာဖောင့်  (ဇော်ဂျီ)  သွင်းပုံသွင်းနည်းလေးကို  သူငယ်ချင်းတွေမေးကြတာ    များလို့   post အဖြစ်  တင်လိုက်တာပါ......ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ  မြန်မာဖောင့်ကို  သွင်းလိုရပါတယ် ..
ပထမဆုံး  အနေနဲ့   ဖုန်းကို  WiFi  နဲ့  အရင်ချိတ်လိုက်ပါ..ပီးရင်  Android ရဲ့ Market  မှာ Fontomizer SP  ဆိုတာကို  ရှာလိုက်ပါ  တွေ့ ပီဆိုရင်  ဖုန်းထဲကို  install လုပ်လိုက်ပါ...



ပုံလေးမှာလည်းပြထားပါတယ်  ..logo လေးက  ကျတောဓာတ်ပုံရိုက်ထားတာ   သိပ်မထင်ရှားဘူးဖြစ်နေတယ်..
ဖုန်းထဲကို  Fotomizer SP လေးရောက်လာပီဆိုရင်  open လိုက်ပါ  ပီးရင်  font အမျိုးအစားတွေအများကြီးထဲက  အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး  install လုပ်လိုက်ပါ
 install လုပ်ပီးသွားပီဆိုရင်တော့  ဖုန်းရဲ့ setting ထဲကိုဝင်.....ပီးရင် Display  ->Font style မှာ Zawgyi One TTF ဆိုတာလေးကို  ရွေးလိုက်ရင်  မြန်မာစာကို  မြင်ရပီဖြစ်ပါတယ်
ကျတော်  Samsung  Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ  အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........   တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်


 
မြန်မာစာကို  ရိုက်ဖို့ အတွက်ကတော့  Android ရဲ့ Market    iTextMM2 Keyboard ကို ရှာပီးအင်စတောသွင်းလိုက်ပါ..ပီးသွားတာနဲ့   ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က   settings-> Locale and text  ထဲက  Select input method ထဲကို ၀င်ပါ..ပီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင်  မြန်မာလိုရိုက်ဖို့ အတွက်  အဆင်ပြေသွားပါပီ..
ရိုက်ရတာလည်း  အဆင်ပြေလွယ်ကူပါတယ်
ခုကျတော်စမ်းထားတာ ကျတော်သုံးနေတဲ့ Samsung Galaxy SPlus မှာပါ...တချို့  Android ဖုန်းအမျိုးအစားတွေအတွက်  setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market  က  iTextmm  ရဲ့   မူရင်းလင့်လေးပါတင်ပေးထားပါတယ်  ဒီမှာပါ
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ   တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..
 
 

My Computer မှ USB Drive ပျောက်နေခြင်း



ဟိုနေ့က သူငယ်ချင်း တစ်ယောက်မေးထားတာလေးပါ... USB ကို ကွန်ပြူတာမှာ ချိတ်တာ ကွန်ပြူတာက သိပြီး My Computer မှာ USB Drive ကိုရှာမတွေ့လို့ ကူညီပါဦး)


ဟုတ်ပါတယ် ကွန်ပြူတာ အသုံးပြုသူတိုင်း တခါတရံ ကြုံရတတ်ပါတယ်...။ USB drive လေးကို မိမိ ကွန်ပြူတာ မှာ တပ် လိုက်တဲ့အခါ ကွန်ပြူတာက မိမိသိကြောင်း အသိမှတ်ပြုကြောင်း "ကလောင်" ဆိုတဲ့ အသံမျိုးကို ကြားရပြီးတော့ ... AutoPlay လည်း တတ်မလာဘူး ပြီးတော့ My Computer ထဲမှာ ရှာပြန်တော့လည်း မတွေ့ရဘူး ဖြစ်နေတတ်ပါတယ်။


ဒီပြဿနဖြေရှင်းပုံလေးကို www.howtogeek.com မှာရှင်းပြထားတာလေးတွေ့လို့ မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....:)

ပထမဆုံး Desk Icon ပေါ်က My Computer (or) Start > Computer ကို Right Click > Manage ကိုရွေးပါ..။



Computer Management window တတ်လာရင် Storage ရဲ့အောက်က Disk Management ကို Click လိုက်ရင် မိမိစက်မှာ ချိတ်ဆက်ထားတဲ့ Drive တွေအားလုံးကို မြင်တွေ့ရမှာပါ...။



USB Drive ပျောက်နေတာဆိုရင် Memory ပမာဏ ကိုကြည့်ခြင်းအားဖြင့် သိ နိုင်ပါတယ် ..။ ပျောက်နေတဲ့ Drive ပေါ်ကို Right-click > Change Drive Letter and Paths ကိုရွေးပါ..။

(ကျနော် Window ပြန်တင်ပြီးကာ စ က D: Drive တစ်ခုလုံး ပျောက်နေတာ ဒီနည်းအတိုင်း ပြန်ဖေါ်နိုင်ခဲ့ပါတယ်)




ပုံ မှာပြထားတဲ့အတိုင်း Change button ကို Click ပါ...







ဒီနေရာမှာ ပျောက်နေတဲ့ Drive က (J) ဆိုရင် ဥပမာ (U) လို့ ရွေးပေးလိုက်ပါ့မယ် .. (စက်ထဲမှာ ရှိနေပြီးသား Drive နာမည်နဲ့ မတူစေရပါဘူး)





သတိပေးတဲ့ warning box လေးတတ်လာရင် Yes ကို ရွေးပေးလိုက်ပါ..။




နောက်ထပ် သတိပေးတဲ့ warning box တတ်လာရင်လဲ Yes ကိုပဲရွေးပေးလိုက်ပါ..။





ခုဆိုရင် စောစောက My Computer မှာ မတွေ့ရတဲ့ USB Drive လေးဟာ My Computer မှာ ပြန်ရောက်နေပါပြီ....:)




အားလုံး အဆင်ပြေကြပါစေ.......
အဆင်မပြေခဲ့ရင် မူရင်း လင့်ခ်မှာ သွားရောက်လေ့လာနိုင်ပါတယ်....:)


ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)

Window Shut down လုပ်တာကြာနေရင်



  Shutdown လုပ်ရင်ကြာကြာနေတက်တဲ့ သူငယ်ချင်းများအတွက်ကျွန်တော် ဖြေရှင်း နည်းလေးကိုပါ ပုံလေးတွေနဲ့ တစ်ခါတည်းရှင်းပြပေးသွားပါ့မယ်။ သိပြီးတဲ့သူတွေကလည်း သိပြီးသားတော့ ဖြစ်မှာပါ။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ အောက်မှာ ကြည့်ပြီးစမ်းကြည့်နိုင်ပါတယ်..။

ပထမဆုံးကျွန်တော်တို့ Registry  ကိုအရင်ဆုံးစဖွင့်ပါမယ်။ Start Menu ကနေ Run ပဲခေါ်ခေါ် ၊ Window Key နဲ့ Run ပဲခေါ်ခေါ် Run ကိုခေါ်ပြီး regedit လို့ရိုက်ထည့်ပြီး ကျွန်တော်တို့  Registry Editor လေးကို ခေါ်ပါ့မယ်။ ကျွန်တော်တို့ Registry Editor ကနေပြီးတော့  စက္ကန့်နဲ့ညီပါတယ်။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control အထိကိုသွားပါမယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော် ပုံမှာပြထားတဲ့အတိုင်း WaitToKillServiceTimeout ဆိုတာလေးကိုပြင်ရပါမယ်။ ကျွန်တော်တို့ ပြင်တဲ့အချိန်မှာ တစ်ချက်ကြည့် ကျွန်တော်ဆိုရင် 1000 လို့ပဲပြင်လိုက်ပါတယ်။ မိမိတို့ နှစ်သက်သလိုပေါ့ဗျာ။ 1000 ဆိုတာ 110000 ဆိုရင် 10 စက္ကန့်ညီပါတယ်။ အများစုစက်တွေမှာ 20000 ဆိုပြီးဖြစ်နေတက်ပါတယ်။ အဲ့ဒါကို 2000 လို့ပြင်ရင်လည်း ရပါတယ်။ ကျွန်တော်ကတော့ 1000 လို့ပဲထားပါတယ်။ ပုံမှာကြည့်လိုက်ပါ။

 နောက်တစ်ခုက HKEY_CURRENT_USER\Control Panel\Desktop ကို သွားလိုက်ပါ။အဲ့ဒီမှာ WaitToKillAppTimeout ဆိုတာရှိပါတယ်။ ထပ်ပြင်လိုက်ပါ။ ပြီးရင်ကျွန်တော်ခုန ကပြောထားသလိုပဲ 1000 ဆိုရင် 1 စက္ကန့်နဲ့ညီပါတယ်။ နှစ်သက်သလိုသာ ပြင်လိုက်ပါ။
နောက်ထပ်တစ်ခါက အဲ့ဒီနေရာကနေပြီး HungAppTimeout ဆိုတာရှိပါတယ်။ ဆက်သွားလိုက်ပါ။ 
ခုနကပြင်သလိုပါပဲ။ ကျွန်တော် 1000 ပဲပြင်လိုက်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Shutdown Time ကြာနေတာတွေဟာ အဆင်ပြေသွားပါလိမ့်မယ်။

ref: kohtway.blogspot.com

Tuesday, October 16, 2012

တောင်းဆိုထားတဲ့ အဆိုတော့်အသံ မပါပဲ တီးလုံးသက်သက်ပဲလိုချင်လို့ ပါ ဆိုတဲ့သူငယ်ချင်းအတွက် ဆော့ဝဲရပြီ

သူငယ်ချင်းတို့ ရေ သီချင်းတွေကို အဆိုတော့်အသံ မပါပဲ တီးလုံးသက်သက်ပဲ လိုချင်လို့ပါ
ကျွန်တော် ဘယ်ဆော့ဝဲနဲ့ သုံးရမလဲဗျာ
သိရင်လည်း ဖြေပေးပါဦး
ကျေးဇူးပြုပြီးတော့ ဆော့ဝဲ ရှိရင်လည်း မျှဝေပေးပါဦးဗျာ
ကျွန်တော့်တော့ လိုက်ရှာရတာ ခေါင်းတောင်မူးနေတယ်
ဆိုပြီးတောင်းဆိုထားတဲ့သူငယ်ချင်းနဲ့ သူလိုပဲလိုချင်နေမဲ့သူငယ်ချင်းတွေအတွက် ရှာဖွေဝေမျှပေးလိုက်ပါတယ် ... အမှန်တကယ်တော့ဒီဆိုဒ်ထဲမှာတင်ပေးချင်စိတ်မရှိတော့တာတော့အမှန်ပါပဲဒါပေမဲ့... စိတ်ကောင်းဝင်နေတုန်းခဏမှာတင်ပေးလိုက်တာပါ ...
်free ဆိုအရမ်းအထင်သေးတတ်တဲ့သူတွေနဲ့  free ဆိုမသုံးချင်သူတွေတော့ မသုံးပါနဲ့ ဝက်သတ်ပေါက်လိမ့်မယ်..
ဆော့ဝဲကိုတော့ အောက်မှာ မူရင်းစာမျက်နှာမှာပဲမိမိစိတ်ကြိုက်သွားဒေါင်းလိုက်ပေါ့နော် အသုံးပြုပုံတော့အစမ်းသပ်ရသေးတဲ့အတွက် မဘူးပဲ
Magic Vocal Remover
ဒီနေရာကနေ သွားဒေါင်းလိုက်ပါ ။။
ဒီလိုပဲ ဂီတနဲ့ ပတ်သက်တဲ့ အခြားအခြားသောဆော့ဝဲများနဲ့ အသုံးဝင်ပုံအသုံးပြုပုံသိချင်ရင် ဂီတcrazy မိတ်ဆွေတစ်ဦးရေးသားထားတဲ့ ဆိုဒ်တစ်ခုကိုသွားလေ့လာကြည့်လိုက်ပါ ။။။
အမှန်တကယ်တီတမြတ်နိုးသူတွေနဲ့ လေ့လာသူတွေအတွက်အမှန်တကယ်အသုံးဝင်မဲ့ဆော့ဝဲနဲ့ တေးသီချင်းတွေကိုပဲ တင်ပေးထားပါတယ် .....။
ဝင်ရောက်ရမဲ့လင့်က =>မြန်မာတေးသီချင်းနတ်စ်များ
မှတ်ချက်။  ။ ကြော်ငြာ :P
                                                                                               အဲဒီဆိုဒ်ကဆော့ဝဲ တွေကိုဒေါင်းလို့ မရဘူးဆိုရင် အောက်မှာအော်သွားကြပါ နောက်များလာကြည့်တဲ့အချိန်မှာတင်ပေးထားပါ့မယ် ။။

wifi Hack သူများအတွက် သတင်းကောင်းလေးပါ ( VMware.Workstation.v8.0.1.528992 )


VMware.Workstation.v8.0.1.528992 လေးပါ။

 ဥပမာ BT5 ကို boot လုပ်စရာမလိုပဲ window အထဲမှာပဲ run လို့ရတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
keygen ပါထည့်ပေးလိုက်ပါတယ်။
ဖိုင်ဆိုက်ဒ်ကတော့  455MB ရှိပါတယ်။ ကျနော် ဖိုင်ခွဲတင်ပေးထားပါတယ်။

Download From Mediafire

အသုံးပြုပုံကို vedio ဖိုင်လေးပါတင်ပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။winkabarkyaw မှကူးယူတင်ပြလိုက်ပါတယ်။

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း






 အင်တာနက် Website လမ်းညွှန်နဲ့ Facebook အသုံးပြုနည်း စာအုပ်လေးပါ သူငယ်ချင်း တစ်ယောက်တောင်းထားလို့  ကီးကီး  မှတဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။